Ways to Improve Business Vocabulary

Business Vocabulary တိုးတက်အောင် ဘယ်လိုလုပ်မလဲ

စီးပွားရေးလုပ်ငန်းတိုင်းမှာ အင်္ဂလိပ်စာဟာ မရှိမဖြစ်အရေးပါလာပြီဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ဆက် သွယ်တဲ့အခါပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတဲ့အခါပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းသုံးဝေါဟာ ရ (Business Vocabulary) က အရေးပါတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေက တော့ Business Vocabulary တိုးတက်ဖို့အတွက် အကြံပြုချက်တွေဖြစ်ပါတယ်။

(၁) တိုက်ရိုက်ဘာသာမပြန်ပါနဲ့

စီးပွားရေးဆိုင်ရာအသုံးအနှုန်း (business terms) တွေကို အင်္ဂလိပ်လိုတိုက်ရိုက်ဘာသာမပြန်ဘဲနဲ့နား လည်အောင်ကြိုးစားပါ။ တစ်ချို့သောအင်္ဂလိပ်စကားလုံးအသစ်ကို မိခင်ဘာသာစကားအဖြစ်ပြောင်းလဲ အောင်လုပ် ခြင်းက နားလည်ဖို့ပိုခက်ခဲစေတတ်လို့ပါ။ ဒါကြောင့် business terms တွေကို တိုက်ရိုက်ဘာသာမပြန်ပါနဲ့။

(၂) ကိုယ်ပိုင် Mini-dictionary လုပ်ထားပါ

Business terms တွေနဲ့ပတ်သက်လို့ ကိုယ်ပိုင် note လုပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် Finance, Technology, Production အစရှိသည်ဖြင့် ကဏ္ဍအလိုက်ခွဲပြီး terms တွေကို မှတ်ထားသင့်ပါတယ်။

(၃) ကိုယ်သိတဲ့စကားလုံးတွေကို သုံးပါ

ကိုယ်သိထားတဲ့ ကိုယ်ပြုစုထားတဲ့ စကားလုံး တွေကို မဖြစ်မနေသုံးပါ။ လုပ်ငန်းနဲ့ပတ်သက်တဲ့စကား လုံးတော်တော်များများကို သိကောင်းသိနိုင်ပေမယ့် အသုံးမချရင်အလွယ်တကူမေ့တတ်လို့ပါ။

(၄) Business talk တွေနားထောင်ပါ

စကားလုံးတွေကို အလွယ်တကူသိရှိနိုင်တာက Business talk တွေပါပဲ။ ဒါဟာ Business vocabulary တိုးတက်ဖို့အကောင်းဆုံးသောနည်းလမ်းလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဟော ပြောပွဲ၊ ဆွေးနွေးပွဲတွေ အများကြီးရှိပါတယ်။ အင်တာနက်ပေါ်မှာဖြစ်ဖြစ် တိုက်ရိုက်ဟောပြော ပွဲတွေဖြစ်ဖြစ်သွားရောက်နားထောင်ပြီး စကားလုံးအသစ်တွေရယူနိုင်ပါတယ်။

(၅) စီးပွားရေးအကြောင်းတွေကို ဖတ်ပါ

စာဖတ်ခြင်းဟာလည်း Business vocabulary တိုးတက်ခြင်းနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ် သတင်းစာတွေမှာပါတဲ့ စီးပွားရေးသတင်းတွေ အင်တာနက်ပေါ်က စီးပွားရေးသတင်းတွေကိုဖတ်ပြီး terms တွေတိုးတက်အောင်လုပ်နိုင်မှာဖြစ်ပါတယ်။

(၆) အသံထွက်တွေကို ဂရုတစိုက်နားထောင်ပါ

နားထောင်ခြင်းကလည်း တိုးတက်ဖို့အတွက်မဖြစ်မနေလုပ်ရမယ့်အချက်ဖြစ်ပါတယ်။ Business Vocabulary အပါအဝင် အင်္ဂလိပ်စာမှာလည်း ထွက်တဲ့အသံနဲ့ ရေးတဲ့အရေးကကွာတတ်လို့ပါ။ ဒီတော့ သူများပြောတာများများနားထောင်ရမှာဖြစ်ပါတယ်။


– ENDS –

Wall Street English မှာတော့ Business vocabulary တွေအပြင် အင်္ဂလိပ်စာနဲ့ပတ်သက်လို့ Vocabulary တိုးတက်ဖို့ 4 Skills လုံးတိုးတက်ဖို့ ရာနှုန်းပြည့်ဆောင်ရွက်ပေးနေပါတယ်။ သင့်ရဲ့အနာ ဂတ်အင်္ဂလိပ်စာအတွက် ဒီဖုန်းတွေကိုဆက်သွယ်နိုင်ပါတယ်။

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay) 

Close Menu