Preparing for IELTS Exam

IELTS စာမေးပွဲအတွက် အဓိက ဘာတွေပြင်ဆင်ရမလဲ

နိုင်ငံတကာမှာ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ အယုံကြည်ရဆုံးသောအထောက်အထားအဖြစ်သတ်မှတ် ကြပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့အဖွဲ့အစည်းအတော်များများ၊ နိုင်ငံအတော်များများက IELTS အသိ အမှတ်ပြုလက်မှတ်ကို လက်ခံကြပါတယ်။
နိုင်ငံခြားမှာကျောင်းတက်လိုသူတွေ၊ နိုင်ငံတကာကုမ္ပဏီ ကြီးတွေနဲ့ချိတ်ဆက်သူတွေ အစရှိသည်ဖြင့် အင်္ဂလိပ်စာအရည်အချင်းကိုတိုင်းတာတဲ့အခါမှာ IELTS ရမှတ်တွေနဲ့တိုင်းတာတတ်ကြပါတယ်။ ပညာရေးအတွက်ပဲဖြစ်ဖြစ် နိုင်ငံကူးပြောင်းနေထိုင်မှုအတွက် ပဲဖြစ်ဖြစ် ပညာရှင်ပီသဖို့အတွက်ဖြစ်ဖြစ် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ IELTS ရမှတ်ကိုအသုံးချကြပါတယ်။

IELTS score 1 ကနေ 9 အထိရှိပါတယ်။ Score တစ်ဝက်လည်းပေးပါတယ်။ ဥပမာ 7.5 ပေါ့။ Score 9 ရတဲ့သူကတော့ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ expert လို့သတ်မှတ်ထားကြတာပေါ့။ Score ကောင်း ကောင်းရဖို့အတွက် အသိပညာတွေ စွမ်းရည်တွေကို ကောင်းကောင်းအသုံးချ သရုပ်ပြသ တတ်ဖို့လိုပါတယ်။

IELTS စာမေးပွဲအတွက် ပြင်ဆင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့လေ့ ကျင့်ခြင်းပါပဲ။ ဆရာနဲ့အနီးကပ်လမ်းညွှန်သင်ကြားခြင်းက အချိန်တိုအတွင်းပိုမိုထိရောက်စေပါတယ်။ ဆရာအနေနဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို အကောင်းဆုံးဖြည့်ဆည်းကူညီပေးနိုင် လို့ပါ။ စာမေး ပွဲအတွက် အဓိကပြင်ဆင်ရမယ့်အချက်အချို့ကတော့ ဒီမှာပါ။
(၁) အင်္ဂလိပ်သတင်းတွေဖတ်ပါ (ဝက်ဘ်ဆိုက်၊ သတင်းစာ၊ မဂ္ဂဇင်းအပါအဝင်)
(၂) စာအုပ်တွေဖတ်ပါ
(၃) အင်္ဂလိပ်ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကြည့်ပါ
(၄) အင်္ဂလိပ်လို ဒိုင်ယာရီရေးကြည့်ပြီးအရေးအသားလေ့ကျင့်ပါ
(၅) သဒ္ဒါနည်းလမ်းတကျတည်ဆောက်ပုံတွေပါတဲ့လေ့ကျင့်ခန်းတွေလေ့လာပါ
(၆) ကိုယ်မသိတဲ့ စကားလုံးတွေကိုအစုလိုက် အစုလိုက်ဖွဲ့ပြီး Note မှာမှတ်ထားပါ


– ENDS –

Wall Street English မှာတော့ IELTS နဲ့ပတ်သက်ပြီး အမြင့်ဆုံးအမှတ်ရဖို့ အရည်အသွေးပြည့် ဆရာ၊ ဆရာမတွေကသင်ကြားပေးနေပါတယ်။ Native English Teachers, သင်တန်းသား ၁၅ ဦးထက်မပိုတဲ့ အတန်း၊ အွန်လိုင်းသင်ခန်းစာ၊ ရမှတ်အာမခံ၊ အလုပ်ရုံဆွေးနွေးပွဲ အစရှိတဲ့ ပံ့ပိုးမှုတွေပါဝင်မှာဖြစ်ပါ တယ်။ အသေးစိတ်ကို ဖုန်း

09-969 799 999 (City Mall St John),

09-969 758 758 (Myanmar Plaza),

01-503 370 (Junction Square),

09765888800 (Mingalar Mandalay),

09894485016 (MCTA Mandalay) မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Close Menu
×
×

Cart