အင်္ဂလိပ်စာတိုးတက်ဖို့အတွက် နည်းလမ်း (၁၀) ကိုယ်ပိုင်မိခင်ဘာသာစကားသင်ယူတတ်မြောက်ဖို့ Listening ကနေစတင်ကြပါတယ်။ အူဝဲလို့အော် ပြီးမွေးဖွားလာကတည်းက ပတ်ဝန်းကျင်အသံတွေကိုစတင်နားစွင့်ပြီးတဲ့နောက် ဖေဖေ၊ မေမေ အစရှိ သည်ဖြင့် တစ်ခွန်းစနှစ်ခွန်းစနဲ့ တီတီတာတာ စတင်ပြောဆိုပါတယ်။ အဲဒီနောက်မှာတော့ စာဖတ်ခြင်း ကိုစတင်သင်ကြားရပြီး စာရေးခြင်းဆီကို လှမ်းကြပါတယ်။ ဘယ်ဘာသာစကားဖြစ်ဖြစ်ဒီလိုပါ ပဲ။ Listening, Speaking, Reading, Writing ကို အစဉ်လိုက်သွားကြရတာပါ။ အင်္ဂလိပ်စာမှာလည်း ဒီလိုပါပဲ။ဆိုတော့ အင်္ဂလိပ်စာတိုးတက်ဖို့ 4 skills ဖြစ်တဲ့ Listening, Speaking, Reading, Writing တွေကို နည်းလမ်းတကျပြုလုပ်ရမှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေကတော့ အင်္ဂလိပ်စာလေ့လာ လိုသူတွေအတွက်မဖြစ်မနေလုပ်သင့်တဲ့အချက် (၁၀) ချက်ဖြစ်ပါတယ်။ (၁) To music နားထောင်ခြင်းကနေစတင်ရမှာမို့လို့ သီချင်းတွေကအကောင်းဆုုံးပါပဲ။ အင်္ဂလိပ်သီချင်းဟောင်း၊ သီချင်းသစ် အားလုံးကိုနားထောင်ပါ။ အသံထွက်ကိုအာရုံစိုက်ပါ။ တစ်ခါတစ်ရံမှာ သီချင်းစာသားေ တွကိုလိုက်ဖတ် ပြီးဆိုတာကလည်း သီချင်းကိုအလွယ်တကူနားလည်လွယ် စေပါတယ်။ (၂) To movies ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို အရင်ကြည့်စေချင်ပါတယ်။ အရင်ဆုံးစာတမ်းမထိုးဘဲနဲ့ကြည့်ပါ။ ပြီးမှ မြန်မာစာတမ်းထိုးကြည့်ပါ။ ရုပ်ရှင်ထဲကစကားလုံးတွေကို လိုက်လံမျောပါခြင်းအားဖြင့် နားလည်လွယ် လာပါလိမ့်မယ်။ (၃) Attend events in English အင်္ဂလိပ်စကားပြောနဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲတွေ ပြဇာတ်တွေကိုတက်ပါ။…